
ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၀မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ညောင်တုန်းစုကျေးရွာ၊ တိုင်းလုံးပျော်စားသောက်ဆိုင်ပိုင်ရှင် စစ်ကောင်စီ သတင်းပေး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိပါသည်။
အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်ဦးဌေးသည် စစ်အာဏာရှင် အလိုကျ ဗျူစောထီးခေါင်ဆောင် သတင်းပေးဖြစ်၍ မရှိဆင်းရဲသားများ၏ ညောင်တုန်းစု ကားလမ်းဘေးရှိ ခြံ/လယ်ယာမြေများအား လွန်ခဲ့သောရက်တွေမှာ စစ်တပ်အားခေါ်ဆောင်၍ ဖိအားပေးသိမ်းယူခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်းဒေသခံများဆီမှ တစ်ဆင့် သိရပါသည်။
ထို့ပြင် အဆိုးဆုံးလုပ်ရပ်အနေဖြင့် သူကြောင့်အပြစ်မဲပြည့်သူတွေ ဖမ်းဆီးခံရခြင်းများ မကြာခဏ ရှိနေကြောင်းလည်း သိရှိရပါသည်။သို့ဖြစ်ပါ၍ တိုင်ကြားမှုများကြောင့် ဧရာဗေဒါတပ်ဖွဲ့နှင့် ဧရာဝတီလင်းပိုင်တပ်ဖွဲ့ နှစ်ဖွဲ့ တို့ ပူးပေါင်းပြီး 8.12.2021ရက်နေ့ နေ့လယ် 12. နာရီ 10မိနစ် အချိန်တွင် ညောင်တုန်းစု နှင့် စခန်းကြီးကြား ကားလမ်းပေါ်တွင် သုပ်သင်ရှင်းလင်းခဲ့ပါကြောင်း ဒေသခံကာကွယ်ရေးတပ်မှ ဆက်သွယ်သတင်းပေးပြောကြားလာပါသည်။
မော်ကျွန်းမြို့ရှိ စစ်ကောင်စီ သတင်းပေးများ ရှင်းသတ်သုတ်သင်ခံရသည်မှာ ယခုဆိုလျှင် (၅) ကြိမ်ထက် မနည်းရှိပြီ ဖြစ်သည်။ ဆက်လက်၍လည်း ပြည်သူကို ဒုက္ခပေးနေသည့် စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဧရာဗေဒါနှင့် ဧရာဝတီလင်းပိုင် အဖွဲ့တို့က ထုတ်ပြန်ကြေညာထားပါသည်။