
မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးဘက်မှာ ယနေ့ည ၈နာရီကျော်အချိန်ခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်။
“ပေါက်ကွဲသံ နှစ်ချက်ကြားတယ်။ ပထမတစ်ချက်က အသံသိပ်မကျယ်ဘူး။ နောက်တစ်ချက်က အသံတော်တော်ကျယ်တယ်” လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ရံဖန်ရံခါ ပေါက်ကွဲမှုများ ဖြစ်နေသလို လုယက်မှုများလည်း များပြားလာတယ်လို့ မြို့နေပြည်သူများက ပြောဆိုနေကြပါတယ်။