
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဗလမင်းထင်တံတား အတက်လမ်းရှိ CCTV များကို ယမန်နေ့ညပိုင်းက ဗုံးဖောက်ခွဲရှင်းလင်းမှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၃၁ ရက်နေ့ ည ၉ နာရီအချိန် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား အတက်လမ်းတွင် စစ်ကောင်စီက တပ်ဆင်အသုံးပြုနေသော CCTV နှစ်လုံး ဖောက်ခွဲခံရခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲမှုကြောင့် CCTV များ ပျက်စီးသွားကြောင်း သိရှိရသည်။
ယမန်နေ့ညပိုင်း မြစ်ကြီးနားမြို့နယ်တွင် ဗုံးပေါက်ကွဲသံများ ကြားရပြီး နေရာသုံးခုမှ ဗုံးပေါက်ကွဲသံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၊ ဗလမင်းထင်တံတား၊ မန်ခိန်ရပ်ကွက်နှင့်တပ်ကုန်းရပ်ကွက်တို့တွင် ည ၈ နာရီဝန်းကျင်မှ စတင်၍ ပေါက်ကွဲသံများ ကြားရကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
