
တိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်း မြိုင်မြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ခုနှစ်ဦး ကျဆုံးခဲ့ရသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ(၁)နှင့် အကြမ်းဖက်စစ်ကောင်စီသည် ဧပြီ ၁၉ရက်က တဲကြီးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ်ဦးသည် ချောင်ပိတ်ဖမ်းဆီးခံရကာ ပစ်သတ်ခံလိုက်ရသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
ထို့အပြစ် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့်အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းသို့ အင်အားအများအပြားတိုးချကာ စစ်ကြောင်းထိုးရန် ကြိုးစားနေသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်ကို နည်းမျိုးစုံ ပြန်လည်တိုက်ခိုက်နေသည်။