![33](https://pantaing.com/wp-content/uploads/2024/04/33-5.jpg)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်း မိုဘိုင်းလ် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ အားလုံး ပြတ်တောက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် မြ၀တီဒေသမှ ပြည်သူများက ပြောဆိုသည်။
“စစ်တပ်က ဖုန်းလိုင်းအားလုံးကို ဖြတ်ချလိုက်တာထင်တယ်။ မြန်မာ Sim Card တွေ အားလုံး သုံးမရတော့ဘူး။ အင်တာနက်လည်း မရတော့ဘူး။ အခုထိုင်းကတ်တွေ သုံးနေရတယ်။ သင်္ဃန်းညီနောင်ဘက်မှာ လေယာဉ်နဲ့ဗုံးကျဲနေတဲ့ ဗုံးသံတွေလည်းကြားနေရတယ်။ အခြေ အနေကတော့ ဘာထူးနေလဲမသိဘူး” ဟု မြ၀တီဒေသမှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြ၀တီမြို့တွင် ရဲစခန်းနှင့် ခလရ ၂၇၅ တပ်တို့သာ ကျန်ရစ်တော့ကြောင်း သိရှိရသည်။