
အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ဌာနဆိုင်ရာရုံးတချို့မှာ ဒရုန်းနဲ့ ချိတ်ဆက်ပြီး ဗုံးပစ် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် အသေးစား ဗုံးဒဏ်ကာကွယ်ရေးစက်တွေ တပ်ဆင်ထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
ဒရုန်းနဲ့ ချိတ်ဆက်ပြီး ဗုံးပစ်တိုက်ခိုက်မှုတွေ ကာကွယ်ဖို့အတွက် အသေးစား ဗုံးဒဏ်ကာကွယ်ရေး စက်ကို အခုလအစောပိုင်းကစပြီး စစ်တပ် အကူအညီနဲ့ လိုက်လံတပ်ဆင်နေတာ ဖြစ်ပါတယ်။
အသေးစားဗုံးဒဏ်ကာကွယ်ရေးစက်ဟာ ဒရုန်းနဲ့ ချိတ်ပြီး ဗုံးပစ်တိုက်ခိုက်လာတဲ့ ဗုံးတွေကို အလိုအလျှောက် ပြန်လည် ပစ်ချနိုင်တဲ့ စနစ်မျိုး ပါဝင်ပြီး အသေးစား ဝေဟင်ပစ်ဗုံးကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အသေးစားဗုံးဒဏ်ကာကွယ်ရေးစက်တွေကို ကျိုက်ထို၊ဘီးလင်း၊သထုံ၊ ရေးနဲ့ မော်လမြိုင်မြို့နယ်တွေက ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေမှာ တပ်ဆင်ထားပြီး ကျန်ဌာနဆိုင်ရာရုံးတွေမှာတော့ တပ်ဆင်နိုင်ခြင်း မရှိသေးပါဘူး။