
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း၊ မှော်ဘီတိုးဂိတ်ရှေ့ရှိ အမှတ် ၅၀၁၀ တင့်ကားတပ် လုံခြုံရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မှော်ဘီမြို့နယ် သနွေပင်ကျေးရွာ အမှတ်(၅၀၁၀)တင့်ကားတပ်(ယခင် အမှတ်(၂)တင့်ကားတပ်) လုံခြုံရေးဂိတ်ကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး စစ်သားတစ်ဦးသေဆုံးကြောင်း၊ လက်ရှိတွင် မှော်ဘီတိုးဂိတ်တွင် မည်သည့်ကားမှ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ဆို့ စစ်နေကြောင်း သိရှိရသည်။
မှော်ဘီPDF ကို ဆက်သွယ်မေးမြန်းရာ အမှတ် ၄ လမ်းဆုံမှ လုံခြုံရေးဂိတ်ကို ပစ်ခတ်သွားသည်ဟု သတင်းရရှိထားကြောင်း၊ အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်းပြောဆိုသည်။
“အမှတ် ၄ လမ်းဆုံက လုံခြုံရေးဂိတ်မှာ ပစ်သွားတာတော့ သတင်းရထားတယ်” ဟု မှော်ဘီPDF က ပြန်လည်ဖြေကြားသည်။
ဓာတ်ပုံ- မှော်ဘီတွင် လမ်းများပိတ်ဆို့၍ ကားဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးနေစဉ်။