
စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ မတ်လ ၃၁ ရက် ဒီမနက်မှာ ဒေသခံတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ကြားကပဲ “တောင်တန်းမြေပြန့် အတူချီတက် ဖက်စစ်တပ်ကို အမြစ်ဖြတ်” ဆိုတဲ့ စာတန်းကိုင်ကာ ဆန္ဒပြ၊ ဟောပြောနေကြတာဖြစ်ပြီး၊ ဒီနေ့အထိဆိုရင် ၃၈၆ရက်မြောက်ရှိပြီလို့လည်း သိရပါတယ်။
