
“စစ်ကောင်စီကို တော်လှန်မယ့် သူက ၁ယောက်သေရင် နောက် ၁ယောက် ထွက် လာလိမ့်မယ်။ ပြည်သူလူထုကို ကုန်အောင် သူတို့ မသတ်နိုင်ပါဘူး။ အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ပွဲဝင်သွားမယ်။ ဒီတိုက်ပွဲဟာ အောင်ကိုအောင်ရမယ်”
မေး။ ။ ယင်းမာပင်မှာ နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တိုက်ပွဲ အရမ်းပြင်းထန်ခဲ့တယ်လို့သိရတယ်။ အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ လက်ရှိအခြေအနေထိကတော့ ဒီနေ့ဆိုရင် ငြိမ်သွားပြီပေါ့။ မနေ့ကအထိတော့ စစ်ရေးတင်းမာမှုတွေရှိခဲ့တယ်ပေါ့။ ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၈ ရက်နေ့ကပေါ့။ သူတို့ စစ်တောင်းကုန်းကနေပြီးတော့ ချင်းတွင်းမြစ်ရဲ့ အနောက်ဖက် စစ်တောင်းကုန်းကနေပြီးတော့ အမှတ် ၂၈ ရဲတပ်ရင်းကနေပြီးတော့ သူတို့ ခြေလျင် ထိုးစစ်ဆင်လာတာပေါ့။ ခြေလျင် ထိုးစစ်ဆင်လာတာကျတော့ ဒီကျွန်တော်တို့ သူတို့ ထိုးစစ်ဆင်လာတာ လမ်းကျတော့ မုံရွာ၊ ယင်းမပင်၊ ပုလဲလမ်းပိုင်းပေါ့။ အဲတော့ သူတို့က ထိုးစစ်ဆင်လာတဲ့အခါမှာ ကျွန်တော်တို့ တည်ပင်ကန် ရွာဆိုတာရှိပါတယ်။ တည်ပင်ကန်ရွာမှာ သူတို့ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ကနဦး မြောက်ယမား လက်နက်ကြီးထုတ်လုပ်ရေးစခန်းကပေါ့။ ဒေသခံ PDF တချို့ပေါ့။ သူတို့ကို ရှေ့ကနေ ပိတ်ဆို့ပြီးတော့ မိုင်းဆွဲ တိုက်ခိုက်ပြီးတော့ အဲဒီမှာ ဟန့်တားခဲ့တာရှိပါတယ်။ အဲတာကတော့ နိုဝင်ဘာလ ၈ ရက်နေ့ အခြေအနေပေါ့။ အဲဒီနေ့ကတော့ ပစ်ခတ်တာတော့ အနည်းငယ်ရှိခဲ့ပေမယ့် ထိခိုက်ကျဆုံးတာတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ဖက်က အင်အားများတဲ့အခါကျတော့ သူတို့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျွန်တော်တို့ သူတို့တပ်စွဲခဲ့တဲ့ တည်ပင်ကန် ကျေးရွာမှာ ညအိပ်ပါတယ်။ အဲဒီညမှာလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပေါ့။ PDF တပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ဆိုတဲ့ အထင်နဲ့ သူတို့ရမ်းပစ်တာတွေရှိပါတယ်။ ကျွန်တော်တို့ နိုဝင်ဘာလ ၈ ရက်နေ့က ညနေပိုင်းမှာ ကနီ PDF တပ်ဖွဲ့ဝင်တွေ ယင်းမာပင် PDF တပ်ဖွဲ့ဝင်တွေ ဆားလင်းကြီးက PDF တပ်ဖွဲ့ဝင်တွေ ပုလဲက PDF တပ်ဖွဲ့ဝင်တွေက သူတို့တပ်စွဲတဲ့ နေရာအနီးအဝိုက်ကို ကျွန်တော်တို့က ဖြန့်ကျက်ပြီးတော့ နေရာယူလိုက်ပြီ အဲတော့ အဲမှာ ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေက အင်အား တော်တော်များတဲ့အခါကျတော့ အဲမှာ သူတို့ ရှေ့ဆက်မတိုးလာဘူး။ နိုဝင်ဘာလ ၈ရက်နေ့ အခြေအနေပေါ့။ အဲတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာကျတော့ ခုနတပ်စွဲခဲ့တဲ့ တည်ပင်ကန် ကျေးရွာကနေပြီးတော့ ကျွန်တော်တို့ ဖက်ကို ဦးတည်လာတာပေါ့။ ဦးတည်လာတဲ့အခါကျတော့ အဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က ညနေပိုင်းက ကျွန်တော်တို့ ၄မြို့နယ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကျန်တော်တို့ ဖြန့်ကျက်နေရာယူထားတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှု အပြင်းအထန်ဖြစ်တာပေါ့။ အဲတာ တစ်နေ့ကုန် ဖြစ်တဲ့အတိုင်းအတာ အကြမ်းဖက် စစ်ကောင်စီနဲ့ ကျွန်တော်တို့ တစ်နေကုန် တိုက်ပွဲဖြစ်တာပေါ့။ ဖြစ်တဲ့အခါကျတော့ အဲနေ့က နိုဝင်ဘာလ ၉ ရက်နေ့က တိုက်ပွဲဖြစ်တဲ့အခါကျတော့ အင်အားများတဲ့အခါကျတော့ ဒီကောင်တွေက ဘာလုပ်လဲဆိုတော့ ခုနကျွန်တော်ပြောခဲ့တဲ့ မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ကားလမ်းကို လုံခြုံရေးလောက်ပဲထားခဲ့ပြီးတော့ ဒီကောင်တွေ တပ်စွဲခဲ့တဲ့ တည်ပင်ကန်ရွာကို ပြန်ပြီးဝင်သွားတာပေါ့။ ပြန်သွားပြီးတော့ ကြေးနီတောင် စီမံကိန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီတပ်ဖွဲ့တွေနဲ့ ရွာကိုဝင်ပြီးပြန်လှည့်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတွေနဲ့ သူတို့ ၂ဖွဲ့ ပေါင်းလိုက်တာပေါ့။ ပေါင်းလိုက်ပြီးတော့ ကျွန်တော်တို့ တည်ပင်ကန်ရဲ့ အနောက်ဖက်ကနေပြီးတော့ တောလမ်းကျနေဖြတ်တက်ပြီး ကျွန်တော်တို့ ဖြန့်ကျက်နေရာယူထားတဲ့ ဧရိယာကို သူတို့က ဂဏန်းလက်မလို ညှက်ပြီး ညှက်ပူးညှက်ပိတ် လုပ်လိုက်တာပေါ့။
မေး။ ။ ၃ရက်တာ တိုက်ပွဲက ဘယ်လိုပြီးဆုံးခဲ့လဲ။
ဖြေ။ ။ နိုဝင်ဘာ ၈ရက်နေ့က စတဲ့တိုက်ပွဲဟာ အကိုတို့နဲ့ တိုက်ပွဲဖြစ်သွားပြီးတဲ့အခါကျတော့ ခုန အကိုပြောတဲ့ အပိုင်းမှာ အကိုတို့ကို ဂဏန်းလက်မလို ညှက်တိုက်တာပေါ့။ အဲလိုတိုက်ပြီးတော့ ညနေပိုင်းလောက်မှာ အဲလို ညှက်ပိတ်လိုက်တဲ့အခါမှာ အကိုတို့က နေပြီးတော့ အကိုတို့ကလည်း သတင်းရတဲ့ အခါမှာ နောက်ကို ပြန်ဆုတ်တိုက်တာ ပြန်ဆုတ်တိုက်တဲ့အခါကျတော့ သူတို့က အဲနေ့ညမှာပဲ နိုဝင်ဘာ ၉ရက်နေ့ညမှာပေါ့။ အကြမ်းဖက် စစ်ကောင်စီက ယင်းမာပင်ကို ဝင်သွားတယ်။ အဲမှာ သူတို့တစ်ညအိပ်သွားပြီးတော့ နိုဝင်ဘာ ၁ဝရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက ပုလဲဖက်ကို တပ်ပြီးတော့ ကူသွားတယ်ပေါ့။
မေး။ ။ တိုက်ပွဲကြောင့် သေဆုံးသူ ဘယ်နှဦးရှိလဲ။
ဖြေ။ ။ သူတို့က ဂဏန်းလက်မလို ညှက်ပူးညှက်ပိတ် လုပ်လိုက်တဲ့အခါမှာ အပြစ်မဲ့ အရပ်သားပြည်သူ ၃ယောက် ကနဦးစပြီး ပစ်သတ်ခံရတယ်။ နောက်ပြီးတော့ အဲနေ့က တိုက်ပွဲဖြစ်ပွားတဲ့ နိုဝင်ဘာ ၉ ရက်နေ့က အပြစ်မဲ့ အရပ်သားပြည်သူ ၃ဦး ပစ်သတ်ခံရတယ်။ နောက်ပြီးတော့ လမ်းသွားလမ်းလာ အရှင်ဖမ်းမိသွားတဲ့ သူတစ်ယောက်ရှိတယ်။ ဒီကနေ့ ကျွန်တော်တို့ ထပ်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ တည်ပင်ကန်ရဲ့ မြောက်ဖက်ဖို့ အဲနားမှာ ပစ်သတ်ထားတဲ့ ၃လောင်းပေါ့။ ဒီနေ့ ထပ်ပြီးတော့ ၃လောင်း ထပ်တွေ့တာပေါ့။ စုစုပေါင်းဆိုရင် ဒီနေ့ အကိုတို့ စပြီးနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ အခုကပြောခဲ့တဲ့ အနီးမှာ ထပ်တွေ့တာပေါ့။ စုစုပေါင်း အလောင်းကတော့ ၆လောင်းရှိသွားပြီ အဲတာက ကနဦး အတည်ပြုနိုင်တာ အကိုတို့ ထပ်ပြီးနယ်မြေရှင်းနေတယ်။
မေး။ ။ သေဆုံးသူတွေက ဘယ်ရွာသားတွေလဲ အတည်ပြုနိုင်ပြီလား။
ဖြေ။ ။ လောလောဆယ်ကတော့ အကိုတို့ကြားတဲ့ဟာကတော့ ဆားလင်းကြီးဖက်ကလည်း ပါတယ်လို့ပြောတယ်။ လမ်းသွားလမ်းလာတွေပါပဲ။ နောက်ပြီးတော့ ယင်းမာပင်ဖက်က အကိုတို့ အခု လောလောဆယ်မှာက ရုပ်အလောင်းတွေက နည်းနည်းပျက်နေတဲ့ အနေအထားဆိုတော့လေ အတည်မပြုနိုင်သေးဘူး။ ဘယ်ရွာလဲ ဘာညာဆိုတာကတော့ နောက်ပြီးတော့ အဲနားမှာကလည်း နွားစာရိတ်နေတဲ့ တောင်းတွေတွေ့တယ်။
မေး။ ။ အကြမ်းဖက် စစ်ကောင်စီဘက်က သေဆုံးသူ ဘယ်နှဦးရှိလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်ပွားတဲ့နေ့က ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ခန့်မှန်းတာပေါ့။ သူတို့ ၃ဝကျော်လောက် ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိတယ်။ အဲတာက ဘယ်လိုလုပ် အတည်ပြုနိုင်လည်းဆိုရင် ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းနားမှာ ကျွန်တော်တို့ လူရှိနေတယ်။ ခွဲတဲ့သူက သပ်သပ် ချောင်းတဲ့သူက သပ်သပ် အဲဒီမိုင်းကို အဲကောင်တွေက မမြင်ဖူးတဲ့ အခါကျတော့ အကြမ်းဖက် စစ်ကောင်စီတွေက အုံလိုက်ကြီးသွားပြီးကြည့်တာ အဲမိုင်းကို အဲလိုသွားကြည့်တဲ့အခါမှာ ခွဲချပလိုက်တာ အဲအချိန်မှာ ဘာဖြစ်လည်းဆိုတော့ လည်ပင်ပြတ်တဲ့ကောင်နဲ့ ချေပြတ် လက်ပြတ်ပေါ့။ အဲဒီမှာ အုပ်စုလိုက်ကို အဲနားမှာ ကုန်းသွားတာ အကိုတို့ မိုင်းဆွဲချပြီးတဲ့နောက်ပိုင်းမှာ ယင်းမာပင်ဖက်ကနေပြီးတော့ နာရေးကားတွေက တစ်နေကုန်လိုမျိုး သွားလာနေတာရှိတယ်။ အကိုတို့ မိုင်းခွဲပြီးတော့ သူတို့ကယ်ဆယ်ရေးကားတွေ နာရေးကားတွေ အရေးပေါ်အချက်ပြတဲ့ဟာတွေနဲ့ ခေါက်တုန့်ခေါက်ပြန် လုပ်နေတာ အဲဒီနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေပေါ့။ စစ်ခွေးတွေသေတာကတော့ ၂ဝကျော်လောက်ရှိတယ်။ အားလုံးပေါင်းသေဆုံးထိခိုက် ဒဏ်ရာရဆိုရင် ၃ဝကျော်တယ်။
မေး။ ။ ယင်းမာပင်မှာ ၃ရက်တာ တိုက်ပွဲပြင်းထန်ခဲ့တာဆိုတော့ ဆက်လက်ပြီးကော တိုက်ပွဲကအချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေလား။
ဖြေ။ ။ လက်ရှိအနေအထားကတော့ ချင်းတွင်းမြစ်ရဲ့ နောက်ဖက်မှာက အရင်တုန်းကဆိုရင် ထိုးစစ်ဆင်တာတွေက နည်းနည်းလေး မလုပ်လာဘူးပေါ့။ အကိုတို့ ကြားဖြတ်ပြီးတော့ သူတို့ရဲ့ ယာဉ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်တဲ့အခါမှာ အကိုတို့ဖက်က အဲတုန်းကဆိုရင် အကိုတို့ရဲဘော်တွေ လုံးဝမှမရှိခဲ့ဘူး။ သူတို့ဖက်ကပဲပေါ့။ သူတို့ မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ဂန့်ဂေါလမ်းကို အသုံးပြုပြီးသွားနေတဲ့ အခါကျတော့ အဲဖက်တွေမှာ ခြုံခိုတိုက်ခိုက်တာတွေက အမြဲတမ်းဖြစ်တယ်။ တစ်လကို ၄၊ ၅၊ ၁ဝကြိမ်လောက်က အမြဲတမ်းဖြစ်နေတယ်။ အဲလို တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးကလည်း တော်တော်ကိုများတယ်။ အဲလိုမျိုး အခြေအနေပေါ့။ အဲတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲက ဒီလမှာဆိုရင် ပထမဦးဆုံးပေါ့။ ပြင်းပြင်းထန်ထန် တိုက်ပွဲမဖြစ်တာကြာပြီ ၂လလောက်တော့ရှိပြီပေါ့။ နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲမပါပေါ့။ ဒါပေမယ့် စစ်ရေးကတော့ တင်းမာနေတာပဲ နောက်ပြီးတော့ သူတို့က စစ်တပ်ဆိုင်ရာ ထောက်လှမ်းရေး ဒရုန်းတွေ အသုံးပြုတယ်။ နောက်ပြီးတဲ့အခါကျတော့ လေယာဉ်ငယ်လေးတွေ အဲတာတွေ အသုံးပြုတယ်။ နောက်ပြီးတော့ ရုပ်ရည်ရှိတဲ့ မိန်းကလေးတွေကို သူတို့က ဘာလုပ်လည်းဆိုတော့ PDF တပ်ဖွဲ့တွေကို ကူညီတာလိုလို မာယာနဲ့ ဆွဲဆောင်ပြီးတော့ လှည့်ပတ်ပြီးတော့ အတွင်းသတင်းတွေကို နှက်တာမျိုး အဲတာမျိုးတွေ မျိုးမျိုးလုပ်လာတယ်။ အဲဒီဟာတွေက တော်တော်ရောထွေးနေတယ်။ အကိုတို့ စိစစ်ဖို့ တော်တော်ကြိုးစားရအုန်းမယ်။ သူတို့ဖက် ထောက်လှမ်းတဲ့နေရာမှာ ငါးရောင်းတာလိုလို စျေးရောင်းတာလိုလို သံတိုသံစ ရောင်းဝယ် လုပ်တာလိုလို ဒေသထွက်ကုန်ဝယ်တာလိုလို ဒါမျိုးတွေလည်း သူတို့ နည်းမျိုးစုံနဲ့ စုံစမ်းပြီးတော့ လုပ်နေတာတွေရှိတာပေါ့။ ကိုယ်တို့ကတော့ သိရင်တော့ သိတဲ့အလျောက်ဖမ်းဆီးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးလိုက်တာတော့ ရှိခဲ့တာတွေလည်းရှိတယ်ပေါ့။ လက်ရှိ အနေအထားကတော့ စစ်ရေးကတော့ တော်တော်လေး တင်းမာနေတဲ့ အပိုင်းရှိပါတယ်။
မေး။ ။ အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ပျံတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့လား။
ဖြေ။ ။ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ နေ့ကဆိုရင် လေယာဉ်ပျံတွေနဲ့ စပြီးတော့ ကြိုတင်ထောက်လှမ်းတာတွေရှိတယ်။ နောက်ပြီးတော့ လေယာဉ်တွေနဲ့ ထိုးစစ်ဆင်တာကျတော့ ကနီဖက်မှာဖြစ်တာပေါ့။ ကနီဖက်မှာ မနေ့ကဆိုရင်လည်း အစုလိုက်အပြုံလိုက် ၄၊ ၅ ဦးလောက် ကျတဲ့အနေအထားတွေရှိပါတယ်။ အဲဒီမှာ လက်နက်ကြီး ထုတ်လုပ်ရေး စခန်းက လူတွေရာယ် နောက်ပြီးတော့ တခြားသော တခြားသော ယင်းမာပင်မြို့နယ်အတွင်းက PDF တပ်ဖွဲ့ဝင်တွေရယ်။ တခြားသော တခြားသော မြို့နယ်တွေက PDF တပ်ဖွဲ့ဝင်တွေရယ်။ မနေ့ကသွားပြီးတော့ ပစ်ကူတာတွေတော့ရှိပါတယ်။ လောလောဆယ်မှာတော့ ထိုးစစ်ဆင်တာက လတ်တလော အနေအထားက ယင်းမာပင်မှာ ကိုယ်စောင့်ကြည့် သူစောင့်ကြည့်ပေါ့။ ကနီမှာက ထိုးစစ်ဆင်တာတွေကတော့ ဒီနေ့ထိ ရှိတယ်လို့တော့ သိရတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ။ ။ အကိုတို့ကတော့ ရှင်းရှင်းပြောရရင် စစ်ရေးမှာ အကိုတို့က အားနည်းချက်တွေရှိပေမယ့် အကြမ်းဖက် စစ်ကောင်စီလို လက်နက်အစစ်တွေမရှိပေမယ့် အကိုတို့ကတော့ လူထုနဲ့ တိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲက နိုင်ကိုနိုင်ရမယ်။ သူတို့က လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ပေမယ့် အကိုတို့ကတော့ ပန်းနဲ့တော့ ပြန်မပေါက်နိုင်ဘူး။ အဲတော့ ရရာလက်နက်နဲ့ အကိုတို့က ခုခံနေမှာပဲ ၁ယောက်သေရင် နောက် ၁ယောက် ထွက်လာလိမ့်မယ်။ အကြမ်းဖက် စစ်ကောင်စီကို တော်လှန်မယ့် သူက ၁ယောက်သေရင် နောက် ၁ယောက် ထွက်လာလိမ့်မယ်။ ပြည်သူလူထုကို ကုန်အောင် သူတို့ မသတ်နိုင်ပါဘူး။ အဲတော့ အကိုတို့ကတော့ ရရာနည်းနဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ပွဲဝင်သွားမယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲဟာ အောင်ကိုအောင်ရမယ်။ ဒီအရေးတော်ပုံက အောင်ကိုအောင်ရမယ်။ ကျွန်တော်တို့ အများလိုချင်နေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုလည်း မကြာမီ အကိုတို့ PDF တပ်ဖွဲ့ဝင်တွေရဲ့ ဝိုင်းဝန်းကြိုးစားမှု ပြည်သူလူထုရဲ့ ဝိုင်းဝန်းကြိုးစားမှု အဖက်ဖက်ကလည်း ဝိုင်းဝန်းကြိုးစားမှုတွေနဲ့ အောင်မြင်မှာပါလို့ အကိုကတော့ မျှော်လင့်တယ်။
ဓာတ်ပုံ- ကချင်ဒေသမှ PDF များ။