
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကမာကလူကျေးရွာတွင် ယနေ့နံနက် ၅ နာရီဝန်း ကျင်ခန့်က စစ်ကားတစ်စီး ချောင်းထဲထိုးကျသွားခဲ့ပြီး အသေအပျောက်များနိုင်ကြောင်း ခရမ်းဒေသတင်းရင်းမြစ် Khayan Channel က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်အချိန် ကမာကလူရွာလမ်းမထိပ်တွင် စစ်ဆေးပြီး ပြန်လာသော စစ်ကားသည် ကမာကလူကျောက်တံတားအရောက်၌ ချောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ စကစတပ်သား ဒဏ်ရာရ၊ အသေ အပျောက်များနေလျက်ရှိပြီး လက်ရှိတွင် ခရမ်းဆေးရုံသို့ လူနာနှင့်အလောင်းများ ရောက်ရှိနေကြောင်း သိရှိရသည်။
“ကမာကလူကျေးရွာလမ်းထိပ်က စစ်ဆေးပြီး အပြန်လမ်း ကျောက်တံတားပေါ်က ဒီနေ့မနက် စစ်ခွေးကားတစ်စီး ချောင်းထဲထိုးကျတယ်၊ အသေအပျောက်တွေလည်း ရှိတယ်၊ ချောင်းထဲမှာ စစ်ခွေးတွေ အတုံးအရုန်းပဲ တော်တော်ထိနာတယ်” ဟု မျက်မြင်တွေ့ရှိသူပြည်သူတစ်ဦးက ပြောသည်။
“စစ်ခွေး ၃ ကောင်ပက်လက်နဲ့ ဆေးရုံမြောက်ဘက်ပေါက်ကဝင်သွားတယ်၊ ဒဏ်ရာရတဲ့ကောင်တွေလည်း တွေ့တယ်၊ သေမသေတော့မသိရသေးပါဘူး” ဟု ခရမ်းဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။