
ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းဈေးအနီးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး(မြင်သာ)မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။
“ရုံးထဲကိုတော့ လူနာတင်ကားတွေ ဝင်သွားတယ်။ ကြည့်ရတာ ထိခိုက်ဒဏ်ရာရှိသွားတဲ့ လူတွေရှိတယ်ထင်တယ်။” လို့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး(မြင်သာ)မှာ ပြီးခဲ့တဲ့ လပိုင်းကလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။