
ယနေ့ ဒီဇင် ဘာလ ၁၄ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ရဲစခန်းကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
” ၉နာရီ ၁၅ မိနစ် လောက်ဒီည သေနတ်သံတွေ ဆက် တိုက်ကြားရတယ်။ သေနတ်သံတွေက မြောက်ဒဂုံ စခန်း ပစ်ခံရတယ်လို့ သိရတယ်။ စခန်းထဲ စစ်ကားတွေရောက်နေတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။
အဆိုပါ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ တပ်ဖွဲ့များက အရှေ့ဒဂုံ (၅) ရပ်ကွက်တွင် အိမ်စီးကားများဖြင့် ရပ်ကွက်ထဲပတ်ကာ ရဲစခန်းကို ပစ်ခတ်ခဲ့သူများအား လိုက်လံရှာဖွေနေကြောင်း ဒေသခံသတင်းရင်းမြစ်နှင့်ပြည်သူများက ပြောဆိုသည်။