
ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာက ရွာသူရွာသားတွေဟာ အကြမ်းဖက် စစ်ကောင်စီပြုတ်ကျပြီး နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို့ ဆုတောင်းသပိတ်ကို ဒီနေ့ ပြုလုပ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့တကွ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံပြည်သူအားလုံး လွတ်မြောက်ရေးကိုလည်း ဆုတောင်းခဲ့ကြပါတယ်။