
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှီ ပျူစောထီး အခြေချစခန်းများကို ဧပြီလ ၁၉ ရက်နေ့တွင် Royal Tiger Guerrilla Force အဖွဲ့နှင့်မဟာမိတ်များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲရာ ပျူစောထီး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပန်းရံရွာ ပျူစခန်းနှင့် ခွန်းတောင်းကြီးရွာပျူစခန်းကို မဟာမိတ်များနှင့်ပူးပေါင်းပြီး Royal Tiger Guerrilla Force အဖွဲ့က အီနာဂါဗုံးတစ်လုံး လက်လုပ်ဗုံးတစ်လုံးချပေးခဲ့ကြောင်း၊ ပန်းရံရွာမှ ပျူစောထီးတစ်ဦးသေဆုံးသည်ဟု သိရှိရကြောင်း၊ ခွန်းတောင်းကြီးရွာမှ အထိအခိုက်မသိရသေးကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။