
ယနေ့နံနက်အစောပိုင်း၌ ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့တွင် စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစစ်တပ်ကို ကိုးကန့်တပ် (MNDAA)တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသဘက်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းတွင် စစ်ကောင်စီက စစ်အင်အား၊ လက်နက်အင်အားများ ဖြည့်တင်းနေသည့်အတွက် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အေတပ်၊ ကိုးကန့်တပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွါးလျက်ရှိပြီး ပြည်သူအချို့ စစ်ဘေးတိမ်းရှောင်နေရသည်။