
ယနေ့ မနက် ၂နာရီခွဲခန့်တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ပါချီကျေးရွာတွင် xလားရှိုးမြို့မှ တက်လာသည့် စစ်ကောင်စီ ယာဥ်တန်းနှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီယာဥ်တန်းနှင့် ကေအိုင်အေ တပ်ဖွဲ့တို့လမ်းမှာ ဆုံသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ကားလည်းထိတယ် နှစ်စီးလောက် အနီးကပ် ပစ်ခတ်ကြတာ ဆိုတော့ ထိခိုက်မှုရှိနိုင်တယ် သေချာတော့ မပြောနိုင်သေးဘူး”ဟု ပြောသည်။
ထို စစ်ကောင်စီယာဥ်တန်းကို ရုံငေါ့ နှင့် နမ့်ကွက် ကျေးရွာကြားတွင်လည်း ကေအိုင်အေတပ်မှ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။