
ရှမ်းပြည်မြောက်ပိိုင်း မုံးကိုးမြို့ မန်းယန် နှင့် ဇုတ်ဟောင်း ဆုတောင်း တောင်ကြား စစ်ကောင်စီ နှင့်ကိုးကန့်တပ်( MNDAA) တို့ ယနေ့မနက် ၆နာရီခန့်မှစကာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။
မုံးကိုးဗျူဟာ စစ်ကောင်စီတပ် မှ တိုက်ပွဲဖြစ်သည့်နေရာသို့ လက်နက်ကြီးပစ်ကူပေးနေကြောင်း ဒေသခံတစ်ဦးက ဆို သည်။ “မနက် အစော ကြီး ဘဲ လက်နက်ကြီး လက်နက်ငယ် အသံကြားနေတယ်နေရာ ၃ ခု လောက် ဖြစ်နေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာ ရှိ ကချင် နှစ်ခြင်းခရစ်ယာန်ဆုတောင်းတောင်တွင် ကိုးကန့်တပ်( MNDAA) မှ တပ်စခန်းနေရာသည့်အတွက် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်ရာတွင် အခက်အခဲဖြစ်ကာ လက်နက်ကြီးကို အဓိကသုံးပြီး တိုက်ခိုက်နေကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ရက်နေ့တွင် မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီး ကိုးကန့်တပ် (MNDAA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားစဥ် လက်နက်ကြီးထိ မှန်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။