
နိုဝင်ဘာလ ၆ရက်နေ့က စစ်အာဏာရှင်တွေရဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေကို လက်မခံနိုင်လို့ ပြည်သူ့ဘက်ကို ရဲဝံ့စွာရပ်တည်လာပြီး လက်နက်ခဲယမ်းနဲ့ CDMဝင်လာတဲ့ စစ်ကောင်စီတပ်သား(၁)ဦးကို Karenni Generation Z Army (KGZ Army)မှ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ လက်ခံကြိုဆိုပြီး ချီးမြှင့်ငွေ ကျပ် (၃၀)သိန်းကိုလည်းပေးအပ်ခဲ့ကြောင်း KGZ Army ကနေ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် Karenni Generation Z Army (KGZ Army)ဟာ ပြည်သူနဲ့အတူ ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်မယ့် CDM ရဲနဲ့စစ်သားတွေကို ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ကြိုဆိုလျက်ရှိကြောင်းလည်း ကြေညာထားပါတယ်။
