
ရန်ကုန်ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ – ရန်ကုန်) က ဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေ နဲ့အတူ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ကြွေးကြော်သံကိုင်စွဲပြီး ရန်ကုန်မြို့ လမ်းမထက်မှာ စစ်အာဏာရှင် ဆန့်ကျင်သပိတ်မှောက် ချီတက်ခဲ့ကြပါတယ်။
