
ဒီဇင်ဘာလ ၉ ရက်ည ၁၁ နာရီဝန်းကျင်မှာ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာမှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် နဲ့ ပျူစောထီးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အင်းဇောက်ရွာက ဒလန်တစ်ယောက်ရဲ့ နေအိမ်ကို ဗုံးခွဲပြီးနောက် စစ်ကူပေးဖို့ရောက်လာတဲ့ ပျူစောထီးအဖွဲ့နဲ့ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ထုတ်ပြန်ထားပါတယ်။
ပျူစောထီးဘက်က ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရနိုင်တယ်လို့ခန့်မှန်းပြီး ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကတော့ ထိခိုက်ကျဆုံးသူမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။