
ယမန်နေ့ည ၉:၃၀ ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်အတွင်းရှိ အိမ်တစ်အိမ်ကို ဓားရှည်များကိုင်ထားသော ယောက်ျားအယောက် ၂၀ ခန့်မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သားများ၊ ရဲများ မပါဝင်ပဲ ရပ်ကွက်တွင်းရှိ ရပ်ကျေးများနှင့် ရဲသတင်းပေးဒလန်ဟုယူဆရသော လူအချို့မှ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ရှာဖွေရသော အကြောင်းရင်းကိုတော့ မသိရှိရဟု ရပ်ကွက်တွင်းနေသူ အချို့မှ ပြောသည်။
ဝင်ရောက်ရှာဖွေခံရသောအိမ်မှ လူများ ဖမ်းဆီးခံရခြင်းမျိုး မရှိဟု သိရသည်။
၎င်းရပ်ကွက်အတွင်း ကျော်ဇောများကို ဖမ်းဆီးမည်ဟု သတင်းများပျံ့နှံ့လျက်ရှိသည်ဟုလည်း ရပ်ကွက်တွင်းနေသူ အချို့ထံမှ သိရပြီး၊ အဆိုပါအချက်ကို သီးခြားအတည်မပြုနိုင်သေးပါ။
မြို့နေပြည်သူအများ သတိိပြု သွားလာပြောဆိုနေထိုင် နိုင်ရန် အသိပေးရခြင်း ဖြစ်သည်။