
ယနေ့နေ့လည် ၁၂:၅၀ ဝန်းကျင်တွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ကနောင်မင်သားကြီးလမ်းပေါ်၊ စစ်ကောင်စီ တပ်စွဲထားသော ရွှေလင်ပန်း မိုးလုံလေလုံအားကစားရုံအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့၍ နှစ်ဖက် ပစ်ခတ်မှုများလည်း ဖြစ်ပွါးခဲ့သည်။
“ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ ပြီးတော့ ပစ်တာ အတွဲလိုက်ပဲ ၁၅ ချက်လောက်ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတိုင်းပဲ..အိမ်နောက်ဖက်ကိုဝင်ပြီး ဝပ်နေရတယ်။ နောက်တော့ ရပ်လိုက်၊ နားလိုက်နဲ့ ထပ်ထပ်ပြီးပစ်နေတာ။ အင်အားလည်းတော်တော်များတယ်” ဟု ရပ်ကွက်တွင်း နေသူတစ်ဦးမှ ပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့တယ်လို့ ကြားသိရသော်လည်း သတင်းအသေးစိတ်ကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါပြင် လှိုင်သာယာ စနေမနှင့် ငါးထိပ်ကြား စစ်တပ်တပ်စွဲထာသော တပ်မတော် အထည်ချုပ်အနီးတွင်လည်း နေ့လည် ၂:၀၀ နာရီဝန်းကျင်က ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ပြီးနောက် အရပ်ဝတ်များဖြင့် ရဲကားတစ်စီး ရောက်လာကာ စစ်ဆေးမှုများ ပြုခဲ့ကြောင်း သိရှိရပါသည်။