
အိပ်ချင်ပြေ အိပ်ငိုက်ပြေအောင် အားဆေး ခဏတင်တာ၊ ပြီးရင် ပြန်ဖျက်မယ်နော်။ TD Myanmar မှာတော့ မဖျက်ဘူး။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်း ဗျူဟာမှူးတပ်စွဲထားသော အနော်ရထားဝန်းနှင့် ရဲတပ်ရင်း(၉)စခန်းအနီးအား ဒီကနေ့ည (၇:၀၀)ဝန်းကျင်ခန့်က ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခံရပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း ဗုံးခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။
ဗျူဟာမှူး တပ်စွဲထားသော အနော်ရထာဝန်းအတွင်းကို ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက် ည (၇:၀၀)ဝန်းကျင်ခန့်က အဝေးထိန်း ဗုံးပစ်လောင်ချာဖြင့် (၆)ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးထိခိုက်မှုများနိုင်သည့်အပြင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်က ရဲတပ်ရင်း(၉) စခန်းအနီးကိုလည်း (၂)ကြိမ် ပစ်ခတ်ခံရကြောင်းသိရသည်။
ဒါပြင် အဆိုပါပစ်ခတ်ခံရသည်အတွက် စခန်းတွင်းမှထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်း (၅)စီးအား သမကုန်းမှတ်တိုင်အနီးတွင် ထပ်မံဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကား (၂)စီး ထိမှန်သွားခဲ့ကာ ဆက်တိုက်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့လာပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ အနီးနားရောက်ရှိနေသူတစ်ဦးကဆိုပါသည်။
“စစ်ကားတွေ အတန်းလိုက်ထွက်လာတာ သမကုန်းနားရောက်တော့ ဗုံးတွေဆင့်ပေါက်တာ ပထမဆုံး တစ်စီးကတော့ အတော်လေးထိသွားတယ် အဲ့ထဲက ဆက်တိုက်ကိုပစ်တော့တာ ဘယ်သူတွေထိကြလည်းတော့မသိဖူး ဗုံးကရှေ့ဆုံးကားထိသွားတော့ ကားတွေကရပ်ပြီး အဲ့ကနေပစ်တော့တာပဲ ကိုယ်လည်းအသက်လုပြေးလာရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးမှဆိုပါသည်။
၎င်းပစ်ခတ်မှုနဲ့ပတ်သက်၍ လက်ရှိချိန်ထိတော့ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိကြောင်းကိုတော့ အတွင်းသတင်းအချို့အရ အတည်ပြုနိုင်ခဲ့ပြီး အရေအတွက်ကိုတော့ ဆက်လက်ကြိုးစားစုံစမ်းလျှက်ရှိပါသည်။