
ယနေ့ည ၇နာရီ၂၀မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊အပြင်ပဒံကျေးရွာ ရက်ကွက်ရုံးအနီးတွင် ဖောက်ခွဲမှုတစ်ခုလုပ်ဆောင်ခဲ့ကြောင်း ပြောက်ကျားတော်လှန်ရေးသမားတစ်ဦးကပြောသည်။
CGF အဖွဲ့နှင့် Spring Revolution Flames အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်မှုဖြင့် ဗုံးသုံးလုံးထောင်ခဲ့ရာ တစ်လုံးသာပေါက်ကွဲခဲ့ပီး ကျန်နှစ်လုံးမှာ စစ်ကောင်စီမှ သိမ်းဆည်းခံခဲ့ရကြောင်းသိရသည်။
“ပထမတစ်လုံးထောင်တဲ့အချိန်မှာ ကလေးတစ်ယောက်က ကောက်သွားတယ်၊အဲဒါနဲ့ပြန်သွားယူရတယ်ပေါ့၊ သူ့ဆီကနေ။ အဲဒီအချိန်မှာ ရုံးထဲက လူတစ်ယောက်ထွက်လာပီး ကြည့်နေတယ်။ မြင်သွားတဲ့ပုံပေါ့။ ကျွန်တော်တို့ကို၊တခြားအလုံးတွေတော့ ထောင်လိုက်တယ်။ အာ့မှာ စစ်ကောင်စီကလည်း တပ်စွဲထားတယ်၊မကြာဘူး စစ်ကားတွေရောက်လာတယ်။ ပြီးတော့ သူတို့ရှာတော့ ဗုံးနှစ်လုံးကိုတွေ့သွားတယ်။ ကျွန်တော်တို့တစ်လုံးပဲခွဲလိုက်ရတယ်၊ထိခိုက်တာတော့ မသိဘူး”ဟု Spring Revolution Flames အဖွဲ့မှ ကိုသုတကပြောသည်။
” ကျွန်တော်တို့က အလုပ်တစ်ခုလုပ်ပီးရင် ဒီတိုင်းမထားဘူး၊ အာ့တော့ ပြည်သူတွေအနေနဲ့ တွေ့ရင်ကြောက်ဖို့မလိုဘူး၊ကလေးတွေဆိုလည်း မိဘတွေက အိမ်ထဲခေါ်ထားပေး။ တွေ့ရင် ကြောက်ပီးစစ်ကောင်စီကို အကြောင်းမကြားဖို့ကို ကျွန်တော်နောက်တစ်ခါမေတ္တာရပ်ခံပါတယ်” ဟု သူကထပ်ပြောသည်။
အောက်တိုဘာလ၂၂ ရက်နေ့ကလည်း ပုသိမ်လမ်းမကြီးအဝေးပြေးလမ်းနှင့် သမကုန်းမှတ်တိုင်ကြားတွင် ဗုံး ခုနှစ်လုံးထောင်ရာ အမှိုက်ကောက်သမားက တွေ့ရှိပီး စစ်ကောင်စီသို့အကြောင်းကြားခဲ့သောကြောင့် လေးလုံးသာဖောက်ခွဲနိုင်ခဲ့ပီး ကျန်ပစ္စည်းများမှာ သိမ်းယူခြင်းခံရသည်။