
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် အိုးမတွေ့ကျေးရွာရှိ စစ်ကောင်စီ၏ကင်းပုန်းစခန်းတစ်ခုကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (WTRF)က ထုတ်ပြန် သည်။
ယနေ့(ဒီဇင်ဘာ ၁၅)နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့နယ် အိုးမတွေ့ကျေးရွာ အလယ်တန်းကျောင်းအပြင်ဘက်ရှိ ဇရပ်တစ်ခုတွင် ကင်းပုန်းချထားသော စစ်ကောင် စီကင်းစခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဝေးထိမ်းမိုင်းနဲ့ တိုက်ခိုက်ပြီးမှ ပစ်ခတ်ခဲ့ပါတယ်”ဟု WTRF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း WTRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ခိုက်ခံရသည့် အိုးမတွေ့ကျေးရွာ စာသင် ကျောင်းအနီးမှ စစ်ကောင်စီ၏ကင်းစခန်းကို လွန်ခဲ့သည့်နှစ်လခန့်ကတည်းက ကင်းပုန်းများချထားခဲ့ခြင်း ဖြစ်သည်။