
နိုဝင်ဘာ ၈နေ့ ညနေ ၅နာရီလောက်က သင်္ဃန်းကျွန်းမြို့နယ် အမက(၉)ကျောင်းရှေ့မှာ ဒလန်အောင်အောင်လို့ နာမည်ကြီး နေတဲ့ သူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သူနဲ့ တစ်ရပ်ကွက်တည်းနေတဲ့ ဆ/က ရပ်ကွက်သား တစ်ဦးကအတည်ပြုပါတယ်။
“ အမက(၉)ကျောင်းရှေ့မှာ ပစ်သတ်ခံလိုက်ရတာ။ စစ်တပ်အားကိုးနဲ့ ရပ်ကွက်ကိုအတော်လေး ဒုက္ခပေးခဲ့တဲ့သူ။ သူက ဆယ်အိမ်မှူးလုပ်ခဲ့တော့ ရဲနဲ့စစ်တပ်အားကိုးပြီး ရပ်ကွက်ထဲမှာ ပတ်သောင်းကျန်း ပြီးရင်တွေ့သမျှ လူအသလွတ်ခေါ်ရိုက်တာမျိုးလုပ်ခဲ့တာ။ တစ်ရက်ဆို ကိုယ်တွေအိမ်ထောင့်မှာ ကလေးတွေကို လမ်းမပေါ်မှာမှောက်အိပ်ခိုင်းထားပြီးတော့ တအုန်းအုန်း နဲ့ရိုက်တာ။ သူတို့အိမ်ရှေ့ကကောင်မလေးက ဖုန်းသုံးနေတာကိုလည်း သူ့ကိုဓတ်ပုံရိုက်တယ်ဆိုပီး သူ့အိမ်ကလူတွေထွက် သောင်းကျန်းလို့ ကောင်မလေးက ကြောက်ကြောက်နဲ့ ရဲစခန်းကိုပြေးရတယ်။ ပြီးရင် ထစ်ကနဲရှိစစ်တပ်ကိုလှမ်းလှမ်းခေါ်တာ။ ”
ဒလန်ဟုတ်မဟုတ် အငြင်းပွားရှိမှုတွေရှိနေတဲ့အတွက် အောင်အောင် ဒလန် ဟုတ်မဟုတ် ဘယ်လိုအထောက်အထားတွေရှိလည်းလို့ ထပ်မေးကြည့်တော့ အခုလို ပြောပါတယ်။
“ သိပ်သေချာတာပေါ့။ သူ့ကြောင့်ရပ်ကွက်ထဲမှာ အဖမ်းခံရတဲ့သူ တွေအများကြီး။ လာဖမ်းရင်လည်း အမြဲတမ်းလိုလို သူက ရှေ့ဆုံးကပါတယ်။ သူတို့လာဖမ်းတာကိုထွက်ကြည့်ရင်လည်း သူကလက်ညှိးထိုးပြလို့ အိမ်ပေါ်ကနေ ခေါ်ချပြီး စစ်သားတွေက အဲ့အိမ်ရှေ့တင် တအုန်းအုန်း စစ်ဖိနပ်နဲ့နင်းရိုက်တာနှက်တာမျိုးတွေလုပ်ခဲ့တာ”လို့ အတည်ပြုပါတယ်။
ပြီးတော့ ဒလန်အောင်အောင်လို့ နာမည်ကြီးနေတဲ့သူ ဟာဆယ်အိမ်မှူးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိန်းမကလည်း အမက(၉)ရှေ့ကဈေးတန်းလေးမှာ ကြက် သား ရောင်းတယ်လို့လည်းသိရပါတယ်။
ပုံစာ- စစ်ကောင်စီကပေးထားတယ်ဆိုတဲ့ အောင်အောင် စီးလာတဲ့ကား