
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
နေ့စွဲ – ၃/၁၁/၂၀၂၁
၁။ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၌ ဆန္ဒပြလူငယ်များအားအသက်သေဆုံးသည်အထိ စစ်ကြောရေးသို့ပို့ဆောင်ခဲ့ခြင်း၊ မြစ်ခြေမြိုပေါ်ရပ်ကွက်များနှင့်အနီး၀န်းကျင် ကျေးရွာများရှိ တက်ကြွသော တော်လှန်ရေးအင်အားစုများအား သတင်းပေးဒလံလုပ်ခြင်းများဆောင်ရွက်ခဲ့သော မြစ်ခြေမြို့နေ ဒလံ အကြီးစား မြင့်၀င်းနှင့် ဇနီးအား Pakokku People Defense Force _PPDF မြေပြင်တိုက်ခိုက်ရေး အဖွဲ့၀င်များမှ ယနေ့ ၃-၁၁-၂၀၂၁ရက် မွန်းလွဲ ၂နာရီ၃၀ချိန်ခန့်တွင် သုတ်သင်ရှင်းလင်းခဲ့ပါသည်။
၂။ ပခုက္ကူမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့် ဆက်လက်ပူးပေါင်းနေကြသော ရပ်ကျေးအုပ်မှူးများ၊ သတင်းပေးဒလံများအနေဖြင့် ပြည်သူနှင့်တစ်သားတည်း အမြန်ရပ်တည်ကြရန် ထပ်မံသတိပေး တိုက်တွန်းပါသည်။
အကယ်၍ ပြည်သူအားမျက်နှာမမူသောဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက် နေကြမည်ဆိုပါက မိမိတို့ PPDF နှင့်မိတ်ဘက်အဖွဲ့အစည်းများမှ ယခုကဲ့သို့ ထပ်မံဆောင်ရွက် ရလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

အဖွဲ့ခေါင်းဆောင် (ကိုယ်စား)
သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့