
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော Generation Z Power ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(မန္တလေး)
ကြေညာစာအမှတ် ( ၁၈/ ၂၀၂၁)
ရက်စွဲ။ ။၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ (၁၉) ရက်
မိဘပြည်သူများခင်ဗျား
ယနေ့ (19.11.2021) ညနေ ၆ နာရီ ၄၃ မိနစ်ခန့် တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ပဲပုတ်တန်း ရပ်ကွက် ဦးပေစိဘုရားဝန်းအတွင်း စစ်ကောင်စီ တပ်သားများ တပ်ဆွဲထားသည့် နေရာအား ကျွန်ုပ်တို့ GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Black-Image ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့တို့မှ ဖောက်ခွဲရေးပစ္စည်းဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။
နောက်ဆက်တွဲသတင်းအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီ တပ်သားနှစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရကြောင်း စုံစမ်းသိရှိရပါသည်။
စစ်ကောင်စီတပ်သားများမှပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့များ ထိခိုက်မှု့ လုံးဝမရှိပဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါသည်။
မိဘပြည်သူတို့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီများနှင့် ဝေးရာမှ (မီတာ၂၀ခန့်) သွားလာနေထိုင်ကြပါရန် ထပ်မံ သတိပေးအပ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
Generation Z Power (Mandalay)