
ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ် သံဖြူဇရပ် ကြံခိုင်ရေးရပ်ကွက် ထိပ်တန်း အရက်ချက် စက်ရုံရှေ့တွင် ဆိုင်ကယ်စီးနင်းလာသူ ဦးသားငယ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
“စစ်တပ်က ပစ်ပြီးတော့ ကားပေါ် ကောက်တင်သွားတာ သွေးတွေနဲ့။ ဦးသားငယ် အပစ်ခံရတဲ့နေရာမှာ ဇရပ်တစ်ခုရှိတယ်။ စစ်တပ်က အိမ်စီးကားနဲ့ သူတို့ သတ်မှတ်ချိန်လွန်ရင် ကင်းလှည့်တယ်။ အဲဒီ ဇရပ်မှာ အမြဲတော့မရှိနေဘူး။ သူတို့ ကင်းလှည့်ရင်းနဲ့ ဆိုင်ကယ် လာတာတွေ့လို့ စောင့်နေရင်း ပစ်ခံရတာဖြစ်နိုင်တယ်”ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
သေဆုံးသူ ဦးသားငယ်သည် နောက်ကျောတွင် သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်၏ အကြောင်းမဲ့ ဥပဒေမဲ့ ပစ်သတ်ခံရသူ ဦးသားငယ်။