
“နိုဝင်ဘာ ၈နေ့ ညနေပိုင်း ၃နာရီခွဲခန့်အချိန်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့နဲ့ ဘောဂလိမြို့လမ်း ရွာနှစ်ရွာကြား လမ်းကင်းပုန်းယူနေတဲ့ စစ်ကောင်စီတပ်ကို အမည်မသိ လက်နက်ကိုင်တစ်စုမှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထိခိုက်သေဆုံးမှုအရေအတွက် ရှိမရှိအတိအကျမသိရသေးပေမဲ့ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီဘက်က(၁)ယောက် သေဆုံးပြီး (၂)ယောက်ဒဏ်ရာရရှိတယ်လို့သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က ထိခိုက်မှုမရှိကြောင်းလည်း သိရပါတယ်။