
၁၈-၄-၂၀၂၂ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်သမားများနှင့် ပျူစောထီးတို့သည် ကလေးမြို့အရှေ့ပိုင်းရပ်ကွက်တစ်ခုဖြစ်သော ဘဲအင်းရပ်ကွက်သို့ ဝင်ရောက်၍ အမျိုးသား(၃)ဦးအား ရှာဖွေဖမ်းဆီးခဲ့သည်။
၎င်းတို့ဖမ်းဆီးလိုသည့် အမျိုးသား(၃)ဦးအား မတွေ့ရှိသဖြင့် အဆိုပါ(၃)ဦးတို့၏ ဇနီး၊ သမီး စုစုပေါင်း အမျိုးသမီး(၄)ဦးတို့အား ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။
ယင်းနေ့တွင်ပင် ၎င်းတို့(၃)ဦးထဲမှ သုံးဘီးဘေးတွဲယာဉ်မောင်း ဦးမင်းစိန် လာရောက်ဖမ်းဆီးခံပါက ၎င်း၏ဇနီးသည်ကို ပြန်လွှတ်ပေးမည်ဆိုသောကြောင့် ဦးမင်းစိန်မှာ သွားရောက်ဖမ်းဆီးခံခဲ့သော်လည်း ယနေ့အချိန်ထိ ဇနီးသည်ကိုပါ လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။
၁၈-၄-၂၀၂၂ ရက်နေ့က မြို့မဈေး၌ ရိုက်နှက်ဖမ်းဆီးခံခဲ့ရသော သုံးဘီးဘေးတွဲယာဉ်မောင်း ကိုဥက္ကာကိုလည်း စကစ က အကြမ်းဖက်လူသတ်ရာတွင် ပါဝင်သူ ဟု စွပ်စွဲထားသည်။