
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken သည် မလေးရှားနိုင်ငံသို့ ရောက်ရှိပြီး မြန်မာ အကြမ်းဖက် စစ်ကောင်စီကို ဖိအားပေးရန် ယနေ့ ပြောကြားခဲ့သည်။
“ စစ်ကောင်စီကို ဖိအားပေးရန်၊ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ထားရန် တစ်ဦးချင်းနဲ့ စုပေါင်း လုပ်ဆောင်နိုင်တဲ့ နောက်ထပ် ခြေလှမ်းတွေနဲ့ ဆောင်ရွက်မှုတွေ လာမယ့် သီတင်းပတ်နဲ့ လတွေမှာ အရေးကြီးပါတယ်” ဟု Blinken က ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် အာဆီယံနှင့် အထူးထိပ်သီး အစည်းအဝေးကျင်းပရန် မျှော်လင့်ထားပြီး၊ အာဆီယံအဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသအတွက် မရှိမဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ၂၀၁၇ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့မှုများက လူမျိုးတုံး သတ်ဖြတ်ခြင်းမြောက်၊ မမြောက်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း ဝန်ကြီး Blinken က ပြောသည်။