
အမျိုးသားစာပေဆု ရွေးချယ်စိစစ်ရေးကော်မတီက အမျိုးသားစာပေ တသက်တာဆုရှင်အဖြစ် ယင်းကော်မတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ရွေးချယ်လိုက်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါတယ်။
အမျိုးသားစာပေ တသက်တာဆု ရရှိသွားသူများမှာ ဦးမောင်မောင်လတ် ကလောင်အမည် (နောင်)၊ ဦးစိန်လှိုင် ကလောင်အမည် (သူရဇော်) နှင့် ဒေါ်ချိုချိုတင် ကလောင်အမည် (မစန္ဒာ) တို့ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားတာပါ။
အမျိုးသားစာပေ တသက်တာဆုရှင်အဖြစ် ရွေးချယ်ခံလိုက်ရသည့် အဆိုပါ လူပုဂ္ဂိုလ် ၃ ဦးအနက် ဦးမောင်မောင်လတ် ကလောင်အမည် (နောင်) မှာ ဆုရွေးချယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးစိန်လှိုင် ကလောင်အမည် (သူရဇော်) မှာ ဆုရွေးချယ်ရေး ကော်မတီတွင် ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
တသက်တာဆုရှင်အဖြစ် ရွေးချယ်ခံရသူများသည် ဆုကြေးအဖြစ် ၁ ဦးလျှင် ကျပ်ငွေ သိန်း ၁၀၀ ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။