
အမျိုးသားနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးမြို့နယ်အတွင်းမှာ ရဲကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDFကသတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးက ထွက်လာတဲ့ ရဲကားနှစ်စီးကို နိုဝင်ဘာ ၂၈ရက် ဒီကနေ့မှာ ပဲခူး PDF က ဗုံးနှစ်လုံးဆင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစ်စီးမှာနောက်ဘီးပွင့်ထွက်သွားကာ ကျန်ကားတစ်စီးကိုတော့ ကရိန်းကားနဲ့ပြန်သယ်သွားတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ခရိုင်ရဲတပ်သားနှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။