
ယနေ့ ကျရောက်သည့် အမျိုးသားနေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရသောဖားကန့်မှ ပြည်သူများက နေ့လယ်ပိုင်းသပိတ် အဖြစ် လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ ဝှေ့ခါ ပြည်သူ ထောင်ချီ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် KIA ၊PDF ၊NUG ၊ NUCC ထောက်ခံပွဲပြုလုပ်ကြသည်။
ဆန္ဒပြပြည်သူများက KIA၊ PDF နှင့်အတူ တစ်သား တည်း ရှိပြီး KIA၊PDF တိုက်ပွဲတိုင်းနိုင်ပါစေဟု ဆု တောင်းပေးကြသည်။
