
ဒီကနေ့နိုဝင်ဘာ ၉ရက်နေ့မနက်ပိုင်းမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၁၁၀မှာလုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင် ၅ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့စစ်ကောင်စီကအတည်ပြုပြောဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ အမြန်လမ်းပေါ်က ဇဟားလုံခြုံရေးတပ်ကိုလူတစ်စုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးတာဝန်ယူထားတဲ့ ရဲ၅ဦးပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ပြောဆိုချက်အရသိရပါတယ်။
လက်ရှိမှာတော့ အမြန်လမ်းလုံခြုံရေးတချို့နဲ့လူမှုကူညီရေးအသင်းတွေသွားရောက်ကူညီလုပ်ဆောင်ပေးနေတယ်လို့သိရပြီး အသေးစိတ်ကိုဆက်လက်ထုတ်ပြန်တာမရှိသေးပါဘူး။