
မနေ့ည (၉)နာရီခန့်က အရာတော်အရှေ့နယ်၊ ဝက်ခဲကျေးရွာမှ အကြမ်းဖက်စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို အရာတော်တော်လှန်ရေးအင်အားစု(ARA)၏ ဗိုလ်ရောင်နီတပ်ဖွဲ့မှလည်းကောင်း၊ ငါးရဟိုးကျေးရွာအနီးရှိ မိုင်တဲလ်တာဝါတိုင်ကို Falcon Force(စွန်ရဲတပ်ဖွဲ့)မှလည်းကောင်း အသီးသီးဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရှိရသည်။
အရာတော်မြို့နယ်တွင်း ဒေသခံပြည်သူ့တပ်ဖွဲ့များ၏ ဖျက်ဆီးဖောက်ခွဲမှုကြောင့် မြို့နယ်တွင်းရှိ မိုင်တဲလ်တာဝါတိုင် အတော်များများ ပျက်ဆီးသွားပြီဟု ARA က ပြောသည်။
အကြမ်းဖက်စစ်တပ်က မနေ့က အရာတော်မြောက်နယ်များကို မွှေနှောက်နေရာမှ ယနေ့မနက်ပိုင်းတွင် ကျောက်ပြောက်ကျေးရွာမှ တဆင့် အင်အား(၁၀၀)ခန့်ဖြင့် ဝါးရောင်းကျေးရွာသို့ ဝင်လာခဲ့သည်ဟု သိရသည်။
ဝါးရောင်းကျေးရွာသို့ဝင်ရာတွင် တောတဲမှ လူငယ်ပြည်သူများကို ဖမ်းဆီးသွားပြီး လမ်းပြစေသည်ဟု ဒေသခံတစ်ဦးကပြောသည်။