
ယနေ့ မွန်းလွဲပိုင်းက အရာတော် တောင်ပိုင်းညီနောင် များဖြစ်သည့် သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force – (AF2)၊ Ayadaw Bone Naing PDF – (ABNPDF) ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ၃၆၉-တပ် (အရပ်ခေါ် သစ်ကျင်းကြီးတပ်) အတွင်းသို့ အဝေးပစ်(၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ညီနောင်မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသိရှိသည်။
“အဓိကကတော့ အရှေ့ပိုင်း (ထိုးစစ်ဆင်ခံနေရသော ကဲဘာရွာဘက်ကိုဆိုလို) ကို ဖိမဲနေလို့ အမြှီးတက်နင်းတဲ့ သဘောပါပဲဗျ” ဟု တောင်ပိုင်းမဟာမိတ်စစ်ဆင်ရေး တာဝန်ခံတစ်ဦးမှ ပြောကြားသည်။