
အရေးတော်ပုံအောင်မှ သူမချစ်တဲ့အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ ဖွေးဖွေးကပြောဆိုလိုက်ပါတယ်။
ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်ရင်းပရိတ်သတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့ဖွေးဖွေးဟာ မြန်မာနိုင်ငံ အာဏာသိမ်းခံရစဉ် နွေဦးတော်လှန်ရေးစတင်ထဲကယခုထိ ပြည်သူနဲ့ထပ်တူတသားထဲရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
အကယ်ဒမီဆုရှင်ဖွေးဖွေး ဟာ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပြည်သူနဲ့တစ်သားထဲ ပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)နဲ့ဝရမ်းထုတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
သူမ၏ရွေးခြယ်မှုတိုင်းအတွက်support လုပ်ပေးပြီးစောင့်ရှောက်ခဲ့သူတွေကိုကျေးဇူးဆပ်ချင်လှပြီဟုဆိုထားပြီး သူမဟာ ပုံမှန်ပြန်ဖြစ်တဲ့နေ့မှသာ သူမချစ်တဲ့ အလုပ်တွေကိုသူမချစ်တဲ့သူတွေနဲ့ ၉၀ဆတိုးကြိုးစားဦးမယ့်အကြောင်းကို သူမရဲ့ပရိတ်သတ်တွေကိုပြောပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ဩဂုတ်လ ၁၉ရက်နေ့ ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ရာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းခရီးကြောင့် ဖခင်ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့ပဲ သရုပ်ဆောင်ဝတ်မှုံရွှေရည်နဲ့ သူမရဲ့အမေတို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ရပါသေးတယ်။