
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
ကြေညာချက် အမှတ် ၁၃/၂၀၂၁
(၇၊၁၁၊၂၀၂၁)ရက်နေ့ နံနက် ၄နာရီ ၅၀မိနစ်တွင် ကျောက်ဆည်မြို့နယ် ထနှောင်းပင်လှကျေးရွာ အနောက်ဘက်ရှိ တောင်၊မြောက်ဆက်သွယ်ထားသော ရထားသံလမ်းအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ထောက်ပို့ယာဥ်များသာ အသုံးပြုနေသောကြောင့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ဖောက်ခွဲဖျက်စီးခဲ့သည်။
နံနက် ၇နာရီ ၂၀မိနစ်တွင် ယင်းဖောက်ခွဲမှုကို ကားများဖြင့် လာရောက်စစ်ဆေးသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရထားသံလမ်းသို့သွားရာလမ်းတစ်ဝက်၌ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ကားမိုင်းဖြင့်ထပ်မံဖောက်ခွဲခိုက်တိုက်ခဲ့သည်။
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ စခန်းသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး စကစဘက်မှ (၃)ဦးထက်မနည်း ထိခိုက်မှုရှိနိုင်ပြီး တိကျသောထိခိုက်သေဆုံးမှုစာရင်းစုံစမ်းဆဲဖြစ်သည်။
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)