
အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို ဒီနေ့ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၁၆ရက်နေ့အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ မြန်မာ့အရေးကို အဓိထားဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ဖို့အတွက် ဝါရှင်တန် ကြိုးပမ်းမှုအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က သွားရောက်လည်ပတ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီပြန်သွားဖို့အတွက် အမေရိကန်က တိုက်တွန်းထားတာအပြင် အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းမှုကို ထောက်ခံထားပြီး အခု အာဆီယံ ၃နိုင်ငံစလုံးမှာ မြန်မာနိုင်ငံ ပဋိပက္ခကို ရှင်းလင်းပြောကြားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့အရေးက အခု ခရီးစဉ်မှာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး သက်တမ်းမှာ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
တဖက်မှာလဲ အမေရိကန်က အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူတာတွေ လုပ်ဆောင်ထားပါတယ်။