စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသူဦးရေဟာ ဘရူနိုင်းနိုင်ငံလူဦးရေထက် ကျော်လွန်နေတဲ့ အရေအတွက်ဖြစ်နေတာကို တွေ့ရပါတယ်။
အာရှနိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းဟာ လူဦးရေ ၄ သိန်းကျော် ရှိပြီး မြန်မာမှာ အိုးအိမ်စွန့်ခွါရသူဦးရေက ၅၆၆,၁၀၀ ရှိနေတာပါ။
ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကနေ ဒီနှစ် ဧပြီလ ၁၁ ရက်နေ့အထိ ရရှိတဲ့အချက်အလက်ဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) မြန်မာ က တရားဝင်ထုတ်ပြန်ထားတာပါ။
မြန်မာမှာ နေရပ်စွန့်ခွါ တိမ်းရှောင်နေရသူ တွေဟာ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက မြန်မာမှာ ရှိနေပြီးသားပါ။ သူတို့နဲ့ ပေါင်းလိုက်ရင်တော့ လူဦးရေ ၉၁၂,၇၀၀ ရှိပါတယ်။
ဒီအရေအတွက်ဟာလည်း လူဦးရေ ၇ သိန်းကျော်ရှိတဲ့ ဘူတန်နိုင်ငံလူဦးရေထက်တောင် များစွာ ကျော်လွန်နေတဲ့ အခြေအနေရှိနေပါတယ်။
OCHA ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာရသူဦးရေဟာ ၃ သိန်း ကျော်သွားခဲ့ပါပြီ။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP မြန်မာရဲ့ မတ်လ ၂၃ ရက် ထုတ်ပြန်တဲ့ အချက်အလက်အရတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း ၂၀၂,၇၅၀ ဦးကျော် ရှိကာ ကယားပြည်နယ်မှာ ၁၉၇,၁၁၅ ဦး ကျော်နဲ့ ဒုတိယအများဆုံး ရှိပါတယ်။
ပဋိပက္ခဖြစ်ပွါးရာဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့စပ်လျဉ်းတဲ့ အန္တရာယ်တွေမြင့်တက်လာသလို ပူပြင်းခြောက်သွေ့တဲ့ရာသီကြောင့် အချို့နေရာတွေမှာ ရေရရှိမှုအခက်အခဲနဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ လုပ်ဆောင်မှုတွေ လိုအပ်နေတယ်လို့ OCHAဆိုပါတယ်။
ယာယီစခန်းတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ မြင့်မားလျက်ရှိနေဆဲဖြစ်ပြီး မိုးရာသီမတိုင်ခင်
ယာယီစခန်းတွေမှာ အဆောက်အဦတွေပြုပြင်ဖို့ လိုအပ်ချက်တွေရှိနေပါတယ်။
ISP မြန်မာရဲ့ စာရင်းအရ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်ဦးရေဟာ ၂၀၂၁ ခုနှစ်အာဏာမသိမ်းခင်ကနေ မတ်လအထိ ၁,၀၀၂,၀၀၀ ဦးကျော် ရှိပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာမှာနေရပ်စွန့်ခွာတိမ်းရှောင် နေရသူအရေအတွက် ဘရူနိုင်းနိုင်ငံ လူဦးရေထက် ကျော်လွန်နေ
တနင်္သာရီတိုင်းမ်၊ ဧပြီ ၂၀