
ဒီနေ့မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူပြောများနေတဲ့ ကိုတင်မျိုးထွန်း ခေါ် ချက်ဖောင် ကိုအမည်မသိသူတချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ပတ်ဝန်းကျင်တစ်ခုလုံးကတော့ စစ်ကောင်စီသတင်းပေးဒလန်ဆိုပြီသက်မှတ်ထားတဲ့လူ၊ မနက်ကလက်ဘက်ရည်ဆိုင်နေချိန်မှာ ဝင်ပစ်သွားတာ၊ ဘယ်သူတွေပစ်တာလဲတော့မသိဘူး၊ ပွဲချင်းပြီးသေသွားတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဝမ်းတွင်းမြို့ပေါ်မှာနေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးလို့နာမည်ထွက်နေတဲ့ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရသလို ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါး သေနတ်နဲ့ အပစ်ခံရလို့သေဆုံးခဲ့ပါသေးတယ်။