ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ လူငယ်စိတ်ဓာတ်မြင့်တင်ရေးသင်တန်းကို ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး အားမာန်သစ်လူမှုကူညီရေးအသင်းမှ မေလ ၂၂ ရက်နေ့ကနေ မေလ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။
“အဓိကလူငယ်များပိုမိုပြီးစိတ်ဓာတ်တက်ကြွစေဖို့ပေါ့။ ပြီးတော့ အသိညဏ်များ ပိုမိုရရှိစေဖို့ ၊နိုင်ငံရေးတွေလည်းပိုမိုတက်ကြွစေဖို့နဲ့ လူငယ်များအား ပိုမိုစည်းလုံး စေရန် ရည်ရွယ်တာပေါ့”လို့ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ၆ ရက်သင်တန်းအတွင်း နိုင်ငံရေး၊လူမှုရေး၊ဘာသာရေး၊ဆေးဝါးနဲ့ ပတ်သက်တဲ့အကြောင်းအရာ၊ စိတ်ဓာတ်မြင့်တင်ရေးဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
စိတ်ပါဝင်စားကြတဲ့ ဒေသခံနဲ့ စစ်ရှောင် ဆယ်ကျော်သက်လူငယ် (၃၀) ကျော် တက်ရောက်ခဲ့ပါတယ်။