စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင် ရောက် စီးနင်းပြီး ရိက္ခာနှင့် တန်ဖိုးရှိ ပစ္စည်းများကို လုယက်သွားကြောင်း ဒေသ ပြည်သူများက ပြောဆိုကြသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ အချိန် ဘုတလင်မြို့ပေါ်မှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းက ဒါန်းတိုင်ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက် လာကြောင်း၊ ယင်းနောက် ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းကာ စားနပ်ရိက္ခာနှင့် အဖိုးတန် ပစ္စည်းများကို လုယက်ခိုးယူ သယ်ဆောင်သွား ကြောင်း၊ ကျေးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်စဉ် အမျိုးသမီး ၁ ဦး ကျည်ထိ မှန်ခဲ့ကြောင်း သိရှိရသည်။
“ရွာထဲကို ပစ်ခတ် ဝင်လာတယ်။ မနက်အစောကြီး ဝင်လာတာ။ အိမ်တွေ စျေးဆိုင် တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ အကုန်လုယူသွားပါတယ်။ ရိက္ခာတွေလည်းပါသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းနေ့ နံနက် ၈ နာရီအချိန်တွင် လုယက်ထားသော ပစ္စည်းများ၊ စားနပ် ရိက္ခာ များကို ကားပေါ်တင်ဆောင်၍ ဘုတလင်မြို့ပေါ်သို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။