
နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲတွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ရွာအနီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီး မီးခိုးတလူလူဖြင့် ကျောက်ထုလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်သွားကြောင်း PDF-ဆော က သတင်းထုတ်ပြန်သည်။
အဆိုပါ ရဟတ်ယာဉ်သည် မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အး လတ်တလော မသိရှိရသေးပေ။
ကျင်းလိန်ရွာအနီးတွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊ YDF၊ PDF-ဆော ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးခဲ့ပြီး PDf-ဆော တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီသည် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်အသုံးပြုကာ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ဓါတ်ပုံ – ကျောက်တုလေယာဉ်ကွင်းတွင် ရပ်ထားထားသော စစ်ကောင်စီ၏ ရဟတ်ယာဉ် ၃ စီး အား အဝေးကြည့်မှန်ပြောင်းမှတဆင့် တွေ့ရစဉ်