
အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့်၊ စက်တင်ဘာ (၇) ရက်နေ့မှ စတင်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲသားများ နေ့စဉ် တိုးပွါးလာနေသည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၈ ရက်နေ့မှ၊ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ စစ်သား (၁၅၅) ဦး၊ ရဲ (၁၆၁) ဦး နှင့်စုစုပေါင်း (၃၁၆)ဦး အထိ ရှိနေပြီး၊ အဆိုပါ ကိန်းဂဏန်းများသည် ပြည်သူ့ရင်ခွင်အဖွဲ့တစ်ခုထဲကို ဆက်သွယ်လာသော ကိန်းဂဏန်းများသာရှိသေးပြီး၊ CDM ပြုလုပ်၍ လွတ်မြောက်နယ်မြေများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံရောက်ရှိ၍ တပ်သားနှင့် ရဲများ စာရင်းများ မပါရှိသေးကြောင်းသိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီစစ်တပ်နှင့် ရဲဌာနများအတွင်းမှ အရေးကြီးသတင်းများကို နေ့စဉ်ပေးပို့နေသော ပြည်သူ့ဘက်တော်သားများကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားထားသည်။