
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော (Karenni Nationalities Defense Force-KNDF) ၏ ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးလျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း ပြည်နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်း အစီး(၄၀) စေလွတ်ပြီး ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်း လျက်ရှိပါသည်။ ထို့အပြင် ဒီးမော့ဆိုနယ် ထူလွှီးဘီလာနှင့် ငွေတောင်ရွာသစ်အနီးတဝိုက်တွင် ကရင်နီ ပူးပေါင်း တပ်များမှ ပြောက်ကျားတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အထိနာ လျက်ရှိပါသည်။
မတ်လ (၂၄) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအတွင်း ခြေကုပ်ယူ တပ်စွဲနေသော အကြမ်း ဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များမှ ထူလွှီးဘီလာ ကျေးရွာအတွင်း နေအိမ်(၆) လုံးကို မီးရှို့ဖျက်စီးခဲ့ပါသည်။ ထို့အတူ ဖရူဆိုမြို့နယ်နှင့် ငွေတာင်ရွာသစ်အနီးသို့ စစ်ကြောင်းထိုးလာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF မှခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အများအပြားထိခိုက်ခဲ့ပါသည်။
မတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် KNDF မှ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ဆုတ်ခွာခဲ့သဖြင့် ၄င်းတောင်ကုန်းစခန်းအား သိမ်းပိုက်ရရှိခဲ့ပါသည်။ ထို့အပြင် ၄င်းနေ့ ညနေ (၁၆း၀၀) နာရီ နောက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ (၅)မိုင်၊ (၆) မိုင်မှ ဘက်တလိန်ကျေးရွာအထိ စစ်ကြောင်း နှစ်ကြောင်း ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များမှ (၅)မိုင်ကျေးရွာအတွင်းတွင် နေအိမ် (၅)လုံးကို မီးရှို့ဖျက်စီးခဲ့ပါသည်။
မတ်လ (၂၆)ရက်နှင့် (၂၇)ရက် တို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဖရူဆိုမြို့အခြေစိုက် (ခမရ -၄၂၈) တပ်ရင်း အား နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ပါသည်။မတျလ (၂၆) ရကျ ည (၂၀းဝဝ) နာရီခနျ့တှငျ KNDF မှ မိုးဗြဲမြို့ အခြေစိုက် (ခမရ-၄၂၂) သရက်ခွံတပ်ရင်းအား ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၅)ဦး သေဆုံးခဲ့သည်။
မတ်လ (၂၇)ရက်နေ့ နံနက် (၀၆း၀၀) နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စခန်းချနေသာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြောက်ကျားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၆) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ ထို့အတူ ဖရှုဆိုမြို့နယ်၊ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းသို့ ကရင်နီ တပ်မတော်နှင့် KNDF တို့မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၂)ဦး သေဆုံးခဲ့ ပါသည်။
မတ်လ (၂၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်များကို KNDF မှ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ (၁)ဦးနှင့် တပ်သား (၁) ဦး ထိမှန် သေဆုံးခဲ့ပါသည်။ ထို့နေ့ ညနေ( ၁၆း၀၀ ) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သက်ကြီးပိုင်း အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါသည်။
မတ်လ (၃၀) ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ် (ခမရ ၄၂၈) တပ်ရင်းသို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ နှင့်အတူ KNDF မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်သား(၈) ဦးသေဆုံးခဲ့ပါသည်။မတ်လ (၂၄ ) ရက်နေ့ ငွေတောင်ရွာသစ် တိုက်ပွဲအတွင်း KNDF B15 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသောရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။
KNDF သတင်းနှင့်ပြန်ကြားရေးဌာန
