
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၂၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၇၁ ဦး သေဆုံး၊ ၂၆၆ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများသည် တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်များတွင် ဖြစ်ပွားခဲ့ပြီး KNLA နှင့် KNDO ဘက်မှ ၂ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူပေါင်း ၂၀ ရှိကြောင်း KNU ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။
တပ်မဟာ ၁ နယ်မြေ သထုံခရိုင်အတွင်း တိုက်ပွဲ ၄၇ ကြိမ်၊ တပ်မဟာ ၂ တောင်ငူခရိုင်အတွင်း တိုက်ပွဲ ၅ ကြိမ်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်း တပ်ပွဲ ၆ ကြိမ်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်း တိုက်ပွဲ ၂၀၄ ကြိမ်၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယခုတိုက်ပွဲများသည် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နှင့် KNLA၊ KNDO တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် BGF မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးအပါအဝင် ၂၇၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။