
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ မူတြော်ခရိုင်အတွင်း နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့် BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကြား တိုက်ပွဲပေါင်း ၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၉ ဦး သေဆုံးခဲ့ပြီး၊ ၆၉ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။
အကြမ်ဖက်စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ၃၁ လုံး အများပြည်သူနေထိုင်သော ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံမှ သိရှိရသည်။